မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ မင်းလမ်းကျေးရွာအုပ်စု၊ ဆားတောင် ကျေးရွာ၊ မန္တလေး-ရန်ကုန် ကားလမ်းဘေး၊ ပိုင်ရှင် ဦးစည်သူ၏ MGM စက်သုံးဆီအရောင်းဆိုင် အတွင်းတွင် ၈.၆.၂၀၂၁ ရက်နေ့၊ ၁၁ ၃၅ အချိန်ခန့်က NISSAN DIESEL အမျိုးအစား (၂၈၀၀) ဂါလန်ဆံ့(၁၀)ဘီး ဆီဘောက်ဆာအတွင်းကျန်ရှိသော 92 အောက်တိန်းဆီ(၁၆၀၀)ဂါလန်အား ဆိုင်တွင် အမြဲတမ်းအထိုင်ယာဉ်အဖြစ် ရပ်နားထားသည့် NISSAN DIESEL အမျိုးအစား (၂၈၀၀) ဂါလန်ဆံ့(၁၀)ဘီး ဆီဘောက်ဆာအတွင်းသို့ ပလပ်စတစ်ပိုက်ဖြင့် ဆီဖြည့်တင်းဖလှယ်စဉ် တည်ငြိမ်လျှပ်စစ် (STATIC ELECTRICITY) ဖြစ်ပေါ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ ၁၁ ၃၆ အချိန် သတင်းရရှိသဖြင့် ရမည်းသင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ FOAM မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေဂါလန်(၃၂၀၀)ဆံ့ မီးသတ်အထောက်အကူပြုယာဉ်(၁)စီး၊ မိတ္ထီလာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၂)စီး၊ ရေဂါလန်(၃၆၀၀)ဆံ့ မီးသတ်အထောက်အကူပြုယာဉ်(၁)စီး၊ ပျော်ဘွယ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ပြည်သာယာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ယင်းတော်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၁၆)စီး၊ သန္ဓေ(၅၀)ဦး၊ အရန်(၃၅)ဦးတို့ဖြင့် ရေဂါလန်(၃၀၀၀၀)ခန့်နှင့် အမြှုပ်(FOAM) မီးသတ်ဆေးရည်(၁၄၅)ဂါလန်ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၂ ၀၈ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် 92 အောက်တိန်းဆီ (၁၆၀၀) ဂါလန်ခန့်၊ NISSAN DIESEL အမျိုးအစား (၂၈၀၀) ဂါလန်ဆံ့(၁၀)ဘီး ဆီဘောက်ဆာယာဉ်(၁)စီး၊ NISSAN DIESEL အမျိုးအစား (၂၈၀၀) ဂါလန်ဆံ့(၁၀)ဘီး ဆီဘောက်ဆာယာဉ်၏ ယာဘက်ခြမ်း တာယာများနှင့် ကိုယ်ထည်ပိုင်း အနည်းငယ်၊ LANFENG ဆီပန့်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ဆီဆိုင်အလုပ်သမား ကိုစိုးမင်းထိုက်သည် ဝဲ/ယာ ခြေထောက် မီးလောင် ဒဏ်ရာရရှိခဲ့ပြီး မျက်နှာနှင့် ဆံပင်မီးဟက်ခံရ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သဖြင့် ပျော်ဘွယ်မြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် MGMစက်သုံးဆီအရောင်းဆိုင် မန်နေဂျာ ဦးစိုင်းစီလီ အား ပျော်ဘွယ်မြို့မရဲစခန်းမှ (ပ)၁၄၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။