မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပွဲကောက်လမ်းတွင် ၁၉.၅.၂၀၂၁ ရက်နေ့၊ ၀၈ ၁၀ အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်(၅၀)ပင်နှင့် လျှပ်စစ်မီးတိုင်(၇)တိုင်တို့သည် လဲကျမှုများ  ဖြစ်ပွားကြောင်း ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ၀၈ ၁၅ အချိန်သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၂၂)ဦး၊ အရန်(၈)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၁ ၃၅ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း သိရှိရပါသည်။