မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ မင်္ဂလာသုခရပ်၊ ပန်းသေးတန်းရပ်ကွက်တွင် ၁၉.၅.၂၀၂၁ ရက်နေ့၊ ၀၇ ၀၀ အချိန်ခန့်က တောင်ကျရေများ ကျနေသည့် ရေနီချောင်းအတွင်း စည်ပင်သာယာရပ်၊ ကမ္မဌာန်းကျောင်းတိုက်မှ ရှင်စန္ဒ၊ (၁၂)နှစ် သည် ခြေထောက်ဆင်းဆေးရာမှ ချော်ကျ၍ တောင်ကျရေများဖြင့် မျောပါသွားမှုဖြစ်ပွားကြောင်း လယ်ဦးနယ်မြေမီးသတ်စခန်းမှ ၀၈ ၀၀ အချိန်သတင်းရရှိသဖြင့် လယ်ဦးနယ်မြေမီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၃)ဦး၊ အရန်(၆)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၀ ၀၅ အချိန်တွင် မျောပါသွားသည့် ရှင်စန္ဒ(၁၂)နှစ် အား သေဆုံးလျက်ဆယ်ယူနိုင်ခဲ့ပြီး မြတ်စေတနာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်း သိရှိရပါသည်။