မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၂)နယ်မြေ၊ ကျောင်းစုရပ်ကွက်၊ ရုပ်စုံဘုန်းတော်ကြီး ကျောင်းအတွင်းရှိ လုံးပတ်(၄)ပေ၊ အမြင့်(၃၀)ပေခန့် တမာပင်သည် ၁၅.၅.၂၀၂၁ ရက်နေ့၊ ၁၀ ၁၀ အချိန်ခန့်က မြေသားများခိုင်မာမှုမရှိဘဲ လဲကျမှုဖြစ်ပွားကြောင်း ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ၁၀ ၁၅ အချိန် သတင်းရရှိသဖြင့် သန္ဓေ(၅)ဦး၊ အမှတ်(၄)အရန်မီးသတ်မှ အထောက်အကူပြုယာဉ်(၁)စီး၊ အရန်(၃)ဦး တို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၂ ၃၀ အချိန်လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း သိရပါသည်။