မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-လာရှိုးလမ်း၊ မိုင်တိုင်အမှတ် (၅၁/၁)နှင့် (၅၁/၂)အကြားတွင် ၁၃.၅.၂၀၂၁ ရက်နေ့၊ ၁၀ ၃၀ အချိန်ခန့်က မန္တလေးမှ မူဆယ်သို့ ယာဉ်မောင်း ဦးမင်းထွေး မောင်းနှင် လာသော HINO အဖြူရောင် (၂၂)ဘီးယာဉ်သည် အရှိန်လွန်၍ တိမ်းမှောက်မှုဖြစ်ပွားကြောင်း ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ၁၀ ၃၉ အချိန်ခန့်တွင် သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၈)ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် ကျား(၁)ဦးသည် သံဟင်းကရိုင်းချောင်းများပိမိ၍ (သေဆုံး)ခဲ့သဖြင့် ဖွံ့ဖြိုးဂရုနာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ် (၁/၇၀၀)တပ်မတော်စစ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး  ၁၀ ၅၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး၊ ပိတ်ချင်းမြောင်နယ်မြေရဲစခန်းမှ ယာဉ်မောင်း ဦးမင်းထွေးအား (ပ)၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သိရသည်။