မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ အကွက်အမှတ်(၁၀)၊ ဦးပိုင်အမှတ်(၈၆-က)၊ ၃၉-E လမ်း၊ ၅၆x၅၇လမ်းကြားရှိ ပိုင်ရှင် ဦးခင်မောင်ထွန်း၏ (၂၀x၁၆)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည် လူနေအိမ်တွင် ၂၉.၄.၂၀၂၁ ရက်နေ့၊ ၁၁ ၂၈ အချိန်ခန့်က ရေခဲသေတ္တာ အပူလွန်ကဲပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မန္တလေးတိုင်းဒေသကြီးမီးသတ်စခန်းမှ ၁၁ ၃၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ သန္ဓေ(၄၀)ဦး၊ အရန်(၆၀)ဦးတို့သည် ရေဂါလန်(၅၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၁ ၃၇ အချိန်တွင် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၀x၁၆)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည်လူနေအိမ် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ငှား မဇာလီအား မန္တလေးတိုင်းဒေသကြီး အမှတ်(၉)ရဲစခန်းမှ (ပ)၉၃/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။