မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ နံသာရပ်၊ ရတနာပုံတက္ကသိုလ်လမ်းဘေး၊ တံခွန်တိုင်ရပ်ကွက်တွင် ပိုင်ရှင် ဦးအောင်မျိုး(ခ) ဦးအောင်မျိုးဌေး၏ (၂၀x၁၅)ပေ၊ အောက်ထပ် နံကပ်၊ အပေါ်ထပ် သွပ်မိုး၊ ထရံကာ(၂)ထပ်နေအိမ်တွင် ၁.၄.၂၀၂၁ ရက်နေ့၊ ၀၅၂၀ အချိန်ခန့်က လျှပ်စစ်မိန်း ဘုတ်ခုံအပူလွန်ကဲပြီး အနီးရှိထရံအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ၀၅၂၀ အချိန် သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၃၀)စီး၊ မီးသတ်ရေသယ်ယာဉ်(၂၀)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ သန္ဓေ(၉၀)ဦး၊ အရန်(၂၄၀)ဦးတို့သည် ရေဂါလန်(၃၅၀၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၆၂၀ အချိန် မီးငြိမ်းခဲ့ကြောင်း၊  မီးလောင်မှုကြောင့် (၁၀x၁၅)ပေ၊ ကျူးတဲ သွပ်မိုး၊ ထရံကာ၊ မြေစိုက်(၃၀)လုံး၊ (၂၀x၁၅)ပေ၊ ထရံကာ၊ သွပ်မိုး၊ မြေစိုက်(၃၀)လုံး၊ (၂၀x၁၅)ပေ၊ သွပ်မိုး၊ နံကပ် (၁)ထပ် (၂၀)လုံး၊ စုစုပေါင်း အိမ်ခြေ(၈၀)လုံး မီးလောင်ခံခဲ့ရပြီး မီးပေါ့ဆသူ ဦးအောင်မျိုး(ခ) ဦးအောင်မျိုးဌေးအား ပြည်ကြီးတံခွန်မြို့နယ်၊ အဆင့်မြင့်ရဲစခန်းမှ (ပ)၄၆/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။