မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ပျဉ်းပင်ကျေးရွာအနီး ကျောက်အိုးတံတားအကွေ့တွင် ၃၁.၃.၂၀၂၁ ရက်နေ့၊ ၀၆၁၀ အချိန်ခန့်က မန္တလေးဘက်မှ မြစ်ကြီးနားဘက်သို့ ယာဉ်မောင်း ဦးအောင်ထက်လင်း မောင်းနှင်သည့် Nissan အမျိုးအစား(အစိမ်းပုတ်ရောင်) ဒီဇယ်(ပရီမီယံ) ဆီဂါလံ ၇၈၀၀ ဆံ့ ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တံတား၏ယာဘက်ရှိ အနက်(၉)ပေခန့်ချောက်ထဲထိုးကျမှုဖြစ်ပွားကြောင်း စဉ်းကူးမြို့နယ်မီးသတ်စခန်းမှ ၀၆၂၀ အချိန်သတင်းရရှိသဖြင့် မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကျည်တောက်ပေါက်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကံတောင်ကျေးရွာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ငါးပြားပေး အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နွယ်ရုံအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၅)စီး၊ သန္ဓေ(၇)ဦး၊ အရန်(၂၀)ဦးတို့သည် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် Water Spray ဖြင့် အအေးပေးခြင်းစနစ်များသွားရောက်ဆောင်ရွက်ခဲ့ပြီး ၁၃၃၀ အချိန် ပြီးစီးခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လောကဟိတ လူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် ကျည်တောက်ပေါက်ကျေးရွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးအောင်ထက်လင်း အား လက်ပံလှနယ်မြေရဲစခန်းမှ ယာဉ်(ပ)၁၃/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သိရသည်။