မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၉)၊ သစ္စာလမ်းနေ ပိုင်ရှင် ဦးခင်မောင်ထွေး၏ (၂၅x၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်၊ အပေါ်ထပ်ထရံကာ (၂)ထပ် နေအိမ်တွင် ၂၉.၃.၂၀၂၁ ရက်နေ့၊ ၀၄ ၄၀ အချိန်ခန့်က ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး အနီးရှိ စောင်မှတစ်ဆင့် ထရံကာအား မီးကူးစက်လောင်မှု ဖြစ်ပွားကြောင်း ၀၄ ၄၇ အချိန် သတင်းရရှိသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေ(၁၃)ဦးတို့ဖြင့် ရေဂါလန်(၂၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၅ ၂၅ အချိန် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် (၂၅x၃၀)ပေ သွပ်မိုး၊ ထရံကာ၊ အုတ်ညှပ်(၂)ထပ် နေအိမ်(၁)လုံးနှင့် အပေါ်ထပ်ရှိ ရေခဲသေတ္တာ(၁)လုံး၊ ကုတင်(၁)ခုနှင့် စောင်(၁)ထည် မီးလောင်ခံရပြီး မီးပေါ့ဆသူ ပိုင်ရှင် ဦးခင်မောင်ထွေးအား ပြင်ဦးလွင်မြို့မရဲစခန်းမှ (ပ)၈၅/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သိရှိရပါသည်။