မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရေဝင်ရပ်တွင် ပိုင်ရှင် ဦးဝင်းကြည် ၏ (၁၀×၄၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း စားသောက်ဆိုင်အဆောက်အဦပေါ်သို့ ၂၅.၂.၂၀၂၁ ရက်နေ့၊ ၀၆ ၄၅ အချိန်ခန့်က လုံးပတ်(၃)ပေခန့်၊ အမြင့်(၄၀)ပေခန့်ရှိ ညောင်ပင်သည် ပင်စည်ပိုင်း အတွင်း ဆွေးမြေ့ကာ အမြစ်မခိုင်သဖြင့် လဲကျမှုဖြစ်ပွားကြောင်း ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ၀၆ ၅၀ အချိန်သတင်းရရှိခဲ့ရာ ဆိုင်ကယ်(၃)စီး၊ သန္ဓေ(၆)ဦး၊ ညောင်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၁၁)ဦးတို့သည် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ပြီး ၀၈ ၁၀ အချိန် ပြီးစီးကြောင်းနှင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
Recent Posts
- ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၆)၊ ရုံးကြီးလမ်းတွင် မီးလောင်မှုဖြစ်ပွား
- ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၅၂)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ ဒဂုံတက္ကသိုလ်ဝင်း အနောက်ဝ ....
- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အေးချမ်းသာယာရပ်၊ တိုင်းရုံးလမ်းတွင် မော်တော်ယာ ....
- ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ မယ်ဇီကုန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား
- မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ နံသာရပ်၊ ရတနာပုံတက္ကသိုလ်လမ်းဘေး တံခွန်တိုင်ရပ်ကွက်တွင် မီးလောင် ....
Recent Comments