၁၉.၂.၂၀၂၁ ရက်နေ့၊ ၁၄ ၀၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ တောင်ရင်းကျေးရွာတွင် “ကံကောင်းခြင်းရတနာ” အထပ်သားစက်ရုံရှိ ဗိုင်လာအိုးအတွင်း စွန့်ပစ်လွှစာမှုန့်များ အပူလွန်ကဲရာမှ မီးစတင်လောင်မှုဖြစ်ပွားကြောင်း ၁၄ ၀၃ အချိန် သတင်းရရှိသဖြင့် ကျောက်ဆည်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဘယ်ဘင်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၈)စီး၊ သန္ဓေ (၇၀)ဦး၊ အရန် (၃၀)ဦးတို့သည် ရေဂါလန် ၂၀၀၀၀ ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၄ ၃၅ အချိန်မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် လွှစာမှုန့်များနှင့် စက်ပစ္စည်းအချို့ မီးလောင်ခံရပြီး တာဝန်ရှိသူ လုံခြုံရေး တာဝန်ခံ ဦးဝင်းဦး အား စဉ့်ကိုင်မြို့မရဲစခန်းမှ (ပ) ၂၈/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။