၁၅.၂.၂၀၂၁ ရက်နေ့၊ ၁၀ ၄၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၄၈လမ်းနှင့် ၄၉လမ်းကြား ၊ သခင်ဖိုးလှကြီးလမ်းနှင့် ယောမင်းကြီးလမ်းကြား၊ (ဋ)ရပ်ကွက်၊ အကွက်အမှတ် အပိုင်း(၆)ရှိ အိမ်ရှင် ဦးမင်းထိုက် ၏ (၁၅x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှ အနီးရှိ အကာထရံသို့ မီးကူးစက်လောင်မှု ဖြစ်ပွားကြောင်း ၁၀ ၄၅ အချိန် သတင်းရရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ (စ)အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ (ဈ)အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ယတော်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သင်ပန်းကုန်းအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ လောကပါလအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၂)စီး၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၁၀)စီး၊ သန္ဓေ(၂၀)ဦး၊ အရန်(၅၀)ဦးတို့သည် ရေဂါလန်(၂၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၀ ၅၆ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၁၅x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ် (၅)လုံး နှင့် (၁၅x၂၀)ပေ၊ သွပ်မိုး၊ အုတ်ကာ (၁)ထပ် နေအိမ်(၁)လုံး စုစုပေါင်းနေအိမ်(၆)လုံး နှင့် အတွင်းပစ္စည်းများ၊ ဆိုင်ကယ်(၁)စီး မီးလောင်ခံခဲ့ရပြီး အိမ်ရှင် ဦးမင်းထိုက် အား ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရဲစခန်းမှ (ပ)၁၉/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။