၂၄.၁.၂၀၂၁ ရက်နေ့၊ ၁၃ ၀၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ဈေးတန်းရပ်၊ ရောင်ခြည်ဦးလမ်း၊ အိမ်အမှတ် (၆/၃၀)ပိုင်ရှင် ဦးသန်းထွန်းဦး၏(၂၀x၂၀)ပေသွပ်မိုး၊ ကျောက်ပြားကာ၊ (၂)ထပ်၊ “မြချယ်ရီ” ခေါက်ဆွဲဆိုင်တွင် လူစောင့်မရှိဘဲလျှပ်စစ်မီးပူဖွင့်ထားခဲ့ရာမှ အပူလွန်ကဲပြီး အနီးရှိအဝတ်အစားများသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း ၁၃ ၁၀ အချိန်သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိမီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၇)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊ သန္ဓေ(၁၅)ဦး၊ အရန်(၄၅)ဦးတို့ဖြင့် ရေဂါလန်(၄၀၀၀)ခန့် အသုံးပြုငြိမ်းသတ်ခဲ့ရာ ၁၃ ၁၆ အချိန်မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့်(၂၀x၂၀)ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ (၂)ထပ်၊ “မြချယ်ရီ”ခေါက်ဆွဲဆိုင် အပေါ်ထပ် မီးလောင်ခံရပြီး ပိုင်ရှင် ဦးသန်းထွန်းဦး အား ပြည်ကြီးတံခွန်မြို့နယ်၊ အဆင့်မြင့်ရဲစခန်းမှ (ပ) ၁၆/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ- ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိပါသည်။