၂၈.၁၂.၂၀၂၀ ရက်နေ့၊ ၁၉ ၃၀ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင် တောင်ဘက် တောင်ပတ်လမ်းတွင် စပါးအုံမြွေ လုံးပတ်(၈)လက်မခန့်၊ အရှည်(၇)ပေခန့် တွေရှိကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၃)ဦးဖြင့် သွားရောက် ကူညီဖမ်းဆီးပေးခဲ့ရာ ၁၉ ၄၀ အချိန် ဖမ်းဆီးရမိပါသည်။

အဆိုပါ မြွေအား ဘေးလွတ်ရာ ရေတံခွန်တောင်သို့ သွားရောက်လွှတ်ပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း သတင်းရရှိပါသည်။