(၁၀.၉.၂၀၁၉) ရက်နေ့၊ (၁၇ ၀၀) အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းပေါ်တွင် ညောင်ဦး-ကျောက်ပန်းတောင်းဘက်သို့ ယာဉ်မောင်း ကိုရွှေမိုး မောင်းနှင်လာသည့် ယာဉ်အမှတ် (1M-4097) Cander (အဖြူရောင်) ယာဉ်သည် ရှေ့မှ ဦးအုန်းရှင် မောင်းနှင်လာသည့် ဆိုင်ကယ်ယာဉ်အမှတ် (၄၅ယ/၇၉၈၂၇) SHAYAN (110) (အနက်ရောင်)အား နောက်မှ ဝင်တိုက်မိကြောင်း (၁၇ ၀၅) အချိန် သတင်းရရှိသဖြင့် တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ(၄)ဦးတို့မှ အခင်းဖြစ်နေရာသို့ထွက်ခွာခဲ့ပါသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် ယာဉ်မောင်း ဦးအုန်းရှင်မှာ ဦးခေါင်းထိပ်ဖူးရောင်ပေါက်ပြဲ သွေးထွက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိသဖြင့် ညောင်ဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးအပ်စဉ် လမ်းတွင်သေဆုံးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ကိုရွှေမိုးအား တောင်ဇင်းနယ်မြေရဲစခန်းမှ ယာဉ်(ပ)၁၀/၂၀၁၉၊ ပြစ်မှုပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။