၂၆.၁၁.၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၄၀/၆)အနီးတွင် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း သော်ဇင်ဦး မောင်းနှင်လာသော Light Truck အဖြူရောင်ယာဉ်သည် အင်ဂျင်အပူလွန်ကဲပြီး ဝါယာကြိုးများမှတဆင့် မီးလောင်မှုဖြစ်ပွားကြောင်း ၀၉ ၀၃ အချိန်သတင်းရရှိသဖြင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေ(၈)ဦးတို့ဖြင့် ရေဂါလန်(၁၆၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၂၁ အချိန်မီးငြိမ်းပါသည်။
အဆိုပါ ယာဉ်မီးလောင်မှုကြောင့် ယာဉ်ခေါင်းပိုင်းမီးလောင်ခံရပြီး ယာဉ်မောင်း သော်ဇင်ဦး အား စကားအင်း အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၂၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။
Recent Comments