၂၁.၁၁.၂၀၂၀ရက်နေ့၊ ၁၆ ၀၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ နေပြည်တော်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၄၄/၃)နှင့် (၃၄၄/၄)ကြားတွင် ယာဉ်မောင်း ဦးသန်းကျော်ဦး မောင်းနှင်လာသော ယာဉ်အမှတ် Nissan Diesel အမျိုးအစား(နီ/ဝါရောင်)ယာဉ်သည် ကျောက်ဆည်လမ်းဘက်မှ ရန်ကုန်လမ်းဘက်ခြမ်း တစ်ဖက်ယာဉ်ကြောသို့ ဖြတ်ကွေ့စဉ် လားရာတူ နောက်မှ ယာဉ်မောင်း ဦးဇော်ဝင်းထွန်း မောင်းနှင်လာသော ယာဉ်အမှတ်  ISUZU အမျိုးအစား (နီ/ဖြူ/စိမ်းရောင်)ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း ၁၆ ၀၅ အချိန် သတင်းရရှိသဖြင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ၁၇ ၀၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့်  ISUZU ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား(၂)ဦး၊ ထိခိုက်ဒဏ်ရာရရှိ(မစိုးရိမ်ရ)တို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ပါကြောင်းနှင့် ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ဦးသန်းကျော်အား စကားအင်း အမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၂၅/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ဖြင့် အမှုဖွင့်အရေးယူ ထားပါကြောင်း သတင်းရရှိပါသည်။