၂၅.၁၀.၂၀၂၀ ရက်နေ့၊ ၁၅၁၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊  ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၅၅/၁)နှင့် (၂၅၅/၂)ကြားတွင် HILUX SURF အမျိုးအစား (အဖြူရောင်) ယာဉ်သည် နေပြည်တော်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် ရှေ့ယာဘက်ဘီးပေါက်ပြီး လမ်းဘေးတွင် ကာရံထားသော ခြံစည်းရိုးအုတ်ခုံအား တိုက်မိကာ ပက်လက်လှန် တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ၁၆၂၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၁)၊ မ(၂)ဦး၊ (၈)လအရွယ်ကျား(၁)ဦး စုစုပေါင်း (၄)ဦး အနက် မ(၁)ဦး (သေဆုံး)၊ ကျန်(၃)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)အား အမြန်လမ်း ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း အား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။