၂၂.၁၀.၂၀၂၀ ရက်နေ့၊ ၁၄ ၂၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၁၉/၅)အနီး၊ မန္တလေးမြို့ဘက်မှ  နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဦးအောင်နိုင်စိုး မောင်းနှင်သည့် MAN အမျိုးအစား(အဖြူရောင်) (၁၀)ဘီး ယာဉ်သည် ဘိလပ်မြေများတင်ဆောင် မောင်းနှင်လာစဉ် စက်ချို့ယွင်း၍ လမ်းယာဘက်မြေသားလမ်းဘေးသို့ ဆွဲချစဉ် အရှိန်မထိန်းနိုင်ဘဲ တံတားရှောင်ကွင်းလမ်းလုပ်နေသည့် မြေချိုင့်အတွင်း ဦးခေါင်းထိုးကျကာ လဲကျတိမ်းမှောက်ပြီး ကားရှေ့ခေါင်းပိုင်းဝါယာရှော့ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားကြောင်း ၁၄ ၂၅ အချိန် သတင်းရရှိသဖြင့် ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပြင်စည်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ (၁၆)ဦးတို့ဖြင့် ရေဂါလန်(၃၂၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၅ ၁၀ အချိန်မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် ယာဉ်ရှေ့ခေါင်းပိုင်းနှင့် ဘိလပ်မြေ(၇၀၀)အိတ်ခန့် မီးလောင်ခံရပြီး ယာဉ်မောင်း ဦးအောင်နိုင်စိုး အား ပြင်စည်အမြန်လမ်းရဲစခန်းမှ ယာဉ်(ပ) ၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။