၂၁.၁၀.၂၀၂၀ ရက်နေ့၊ ၁၄ ၃၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကုလားချောင်းကျေးရွာ၊ မြို့ရှောင်လမ်းမပေါ်တွင် ယာဉ်မောင်း ကိုချမ်း (ပြုပြင်ပြီး)စမ်းသပ်မောင်းနှင်လာသော Hyundai အမျိုးအစား (အဖြူရောင်)ယာဉ်သည် မောင်းနှင်လာစဉ် စက်ရပ်သွားသဖြင့် ပြန်လည်ပြုပြင်နေစဉ် ဘက်ထရီအိုးမှ ရှော့ဖြစ်ပြီး အောက်တွင်ချထားသော ဓါတ်ဆီခွက်အတွင်းသို့ မီးပွား ကျရာမှ အင်ဂျင်ခန်းအတွင်းသို့ မီးကူးစက်လောင်မှုဖြစ်ပွားသောကြောင့် အနီးရှိ ပြည်သူများမှ DCP 3 Kg မီးသတ်ဆေးဘူး(၂)ဘူးဖြင့် ကနဦးငြှိမ်းသတ်ခဲ့ပြီး ၁၄ ၃၆ အချိန် သတင်းရရှိသဖြင့် ကျောက်ဆည်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦးတို့ဖြင့် ရေဂါလန်(၈၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၄ ၄၉ အချိန်တွင် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် Hyundai (အဖြူရောင်)ယာဉ် အင်ဂျင်ခန်း၊ ကားခေါင်းခန်း၊ ကားဘော်ဒီနှင့် ထိုင်ခုံများ မီးလောင်ခံရပြီး ယာဉ်မောင်း ကိုချမ်းအား ကျောက်ဆည်မြို့မ ရဲစခန်းမှ (ပ) ၈၄၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။