၂၁.၁၀.၂၀၂၀ ရက်နေ့၊ ၁၄ ၁၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၀ လမ်းနှင့် ၆၁လမ်းကြား၊ ဗန္ဓုလလမ်း၊ အကွက်အမှတ်(ဒဒ-၅/၃၅+၃၆+၄၇+၄၈)၊ (ဆ)ရပ်ကွက်နေ ပိုင်ရှင် ဦးကျော်စိန်၏ (၁၂၀x၆၀)ပေ၊ Steel Structure (၁)ထပ် “စံဝေထွန်း ကုမ္ပဏီကျောက်ခွဲစက်”၌ အသုံးပြုသော အရှည်(၆)ပေ၊ လုံးပတ် (၂)ပေ ပတ်လည်ဝင်ရိုးတွင် အစားထိုးတပ်ဆင်မည့် (၃)ပေပတ်လည် ဘောကွင်းအား ဖြုတ်ရန် ထင်းမီးဖြင့် အပူပေးရာမှ ကြမ်းပြင်ရှိ ဆီဂျီးများနှင့် ထိတွေ့ပြီး မီးလောင်မှုဖြစ်ပွားကြောင်း ၁၄ ၁၇ အချိန် သတင်းရရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊  မီးသတ်ရေသယ်ယာဉ်(၃)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊ သန္ဓေ (၁၅)ဦး၊ အရန်(၂၀)ဦး တို့ဖြင့် ရေဂါလန်(၃၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၄ ၂၅ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၆၁ယ/၈၁၀၄၇) Taryan အမျိုးအစား ဆိုင်ကယ် ကာဗာ၊ မော်တာ Connection ပေါက်မှ ဝါရှာကွင်းများနှင့် ဒီဇယ်ဆီ (၃)ဂါလန်ခန့် မီးလောင်ခံရပြီး မန်နေဂျာ ဦးစန်းဦးအား ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှ (ပ) ၄၀၁/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ -၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။