၁၃.၁၀.၂၀၂၀ ရက်နေ့၊ ၂၃ ၅၇ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက်၊ ၃၅ လမ်း၊ ၈၆x၈၇ လမ်းကြား၊ အကွက် (၂၇၄)ရှိ ပိုင်ရှင် ဒေါ်လင်းလဲ့ဖြူ  (၁၂x၂၀)ပေ၊ နံကပ်(၂)ထပ် “လင်းလဲ့ဖြူ” (မိတ်ကပ်နှင့် ဆံပင်အလှပြုပြင်ရေး) ဆိုင်ခန်း အောက်ထပ်တွင် လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ ဆိုဖာထိုင်ခုံပေါ်သို့ မီးပွားကျကာ မီးစတင် လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း ၂၄ ၀၀ အချိန် သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ မီးသတ်ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ သန္ဓေ(၃၆)ဦး၊ အရန် (၆၆)ဦး တို့သည် ရေဂါလန် ၁၄၀၀၀ ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၄.၁၀.၂၀၂၀ ရက်နေ့၊ ၀၀ ၁၃ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ခန်းအောက်ထပ် မျက်နှာကြက်အထပ်သား၊ ဆိုင်ကယ်(၁)စီးနှင့် အလှကုန်ပစ္စည်းများ မီးလောင်ခံခဲ့ရပြီး ဆိုင်အပေါ်ထပ်တွင် အိပ်နေသော ဒေါ်လင်းလဲ့ဖြူ အသက်(၄၅)နှစ် (ဆိုင်ရှင်)၊ ဒေါ်တုံတုံစု အသက်(၃၂)နှစ်၊ ဒေါ်ပိုးဥ အသက်(၂၀)နှစ်၊ မယွန်းမီမီကျော် အသက်(၁၃)နှစ်နှင့် မချစ်စုလင်းလက် အသက်(၅)နှစ်၊ စုစုပေါင်း(၅)ဦးတို့သည် မီးခိုးမွှန်အသက်ရှူ ကြပ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ‌သေဆုံးခဲ့ပါကြောင်းနှင့် ပိုင်ရှင် ဒေါ်လင်းလဲ့ဖြူ (သေဆုံး)အား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၆)ရဲစခန်းမှ (ပ)၂၃၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄ – က ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိပါသည်။