၁၃.၁၀.၂၀၂၀ ရက်နေ့၊ ၀၉ ၂၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ် (၂) ရပ်ကွက်၊ ဆန်တန်းရပ်၊ နေအိမ်တွင် လုံးပတ် (၁၅) ပေပတ်လည်ခန့် အမြင့်ပေ ၁၀၀ ခန့်ရှိ ကုက္ကိုပင်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေသားခိုင်မာမှုမရှိဘဲ အမြစ်မှ လဲကျကာ (၃၀x၃၀) ပေ ပတ်လည် (၁)ထပ်နေအိမ်ပေါ်သို့ လဲကျမှုဖြစ်ပွားပြီး နေအိမ်ပြိုလဲသွားကြောင်း သတင်းရရှိသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး ၊ ညောင်ဉီးမြို့နယ်မီးသတ်စခန်းမှ အထောက်ကူပြုယာဉ်(၁)စီး၊ သန္ဓေ(၁၄)ဦး၊ အရန်(၈)ဦး၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍  ရှင်းလင်းရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၁၅ ၅၀အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်း သတင်းရရှိပါသည်။