၁၁.၁၀.၂၀၂၀ ရက်နေ့၊ ၀၀ ၃၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ နေပြည်တော်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၅၇/၁)နှင့် (၂၅၇/၂)ကြားတွင် ယာဉ်မောင်း ခင်မောင်တိုး မောင်းနှင်လာသော  Yutong အမျိုးအစား (ဖြူ/နီရောင်) (အာကာသ) ခရီးသည်တင်ယာဉ်သည် နောက်ဝဲဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတက်သွားပြီး “ရင်ဂါတ်ကုန်း” တံတားတွင် ကာရံထားသော ဘာရီယာတုံးများနှင့် တိုင်များအား တိုက်မိမှုဖြစ်ပွားကြောင်း ၀၀ ၃၅ အချိန် သတင်းရရှိသဖြင့် ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ (၅)ဦးတို့ဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ၀၂ ၀၀ အချိန် လုပ်ငန်းများပြီးစီးပါသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ယာဉ်မောင်း ခင်မောင်တိုးအား ပေပင်လေးအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။