၉.၁၀.၂၀၂၀ ရက်နေ့၊ ၀၄ ၄၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သစ်ပင်ရှည် ကျေးရွာနေ ပိုင်ရှင် ဦးမြင့်နိုင်၏ အင်ဂျင်ဝိုင်ချက်ဖိုတွင် အလုပ်သမားဖြစ်သူ မမိုးမိုးခိုင်သည် အင်ဂျင်ဝိုင်ချက်ကန်အနီး ခြင်ဆေးခွေထွန်းရန် ဂက်(စ်)မီးခြစ်ခြစ်ရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ၀၄ ၄၇ အချိန်သတင်းရရှိသဖြင့် မြင်းခြံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၆)စီး၊ ရေသယ်ယာဉ် (၂)စီး၊ မြင်းခြံနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီး၊ လူမှုကူညီရေးအသင်းများမှ ရေသယ်ယာဉ် (၂)စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၁၁)စီး၊ သန္ဓေ (၅၀)ဦး၊ အရန် (၁၀)တို့သည် FOAM ဆေးရည် (၃၅)ဂါလန်နှင့် ရေဂါလန် (၆၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၅ ၃၀ အချိန်မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် အင်ဂျင်ဝိုင်ချက်ဆီ (၄၀)ဂါလန် မီးလောင်ခံရပြီး မမိုးမိုးခိုင်တွင် မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် အလုပ်သမား မမိုးမိုးခိုင်အား မြင်းခြံနယ်မြေရဲစခန်းမှ (ပ) ၂၄၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။