၂၅.၉.၂၀၂၀ ရက်နေ့၊ ၀၈ ၅၈ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဇီးကန်ကျေးရွာ အုပ်စု၊ မကြီးကုန်းကျေးရွာနေ ပိုင်ရှင် ဒေါ်ဇာခြည် သည် လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ (၈၀x၂၀)ပေ၊ ထန်းရွက်မိုး၊ ဝါးခြမ်းကာ၊ ကြက်ခြံအား မီးရှို့မှုဖြစ်ပွား၍ ကျေးရွာရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများသည် ကနဦးငြှိမ်းသတ်ခဲ့ပြီး ၀၉ ၀၀ အချိန် သတင်းရရှိသဖြင့် နွားထိုးကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဝက်လူးနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၅)ဦးတို့ဖြင့် ရေဂါလန် ၂၄၀၀ ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၂၀  အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၈၀x၂၀)ပေ၊ ထန်းရွက်မိုး၊ ဝါးခြမ်းကာ ကြက်ခြံ(၁)လုံး၊ (၃၀x၂၀)ပေ၊ ထန်းရွက်မိုး၊ ထရံကာ မြေစိုက်နေအိမ်(၁)လုံးမီးလောင်ခံရပြီး ပိုင်ရှင် ဒေါ်ဇာခြည် အား နွားထိုးကြီးမြို့နယ်၊ ကနားနယ်မြေရဲစခန်းမှ (ပ)၂၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။