၂၂.၉.၂၀၂၀ ရက်နေ့၊ ၀၅၀၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအနီး မန္တလေး-မြင်းခြံ ကားလမ်းဘေးနေ တရုတ်လူမျိုး အုတ်လုပ်ငန်းပညာရှင် Liu Hanze ၏ အာရှရွှေအုတ်စက်ရုံအုတ်စက်အတွင်း အုတ်ဖုတ်ရာတွင် အသုံးပြုသည့် ကျောက်မီးသွေး မီးအပူချိန်အား ကွန်ပျူတာစနစ်ဖြင့် အပူချိန်ထိန်းညှိပေးရာ အပူချိန်လွန်ကဲ၍ အုတ်စက်နံရံတွင် ကာရံထားသည့် ပလပ်စတစ်နံရံမှတစ်ဆင့် စက်ရုံအမိုးသို့ မီးကူးစက်လောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်ခရိုင်/မြို့နယ်/နယ်မြေမီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁၀)စီး၊ သန္ဓေ (၃၇)ဦး၊ အရန် (၁၄)ဦးတို့ဖြင့် ရေဂါလန် (၁၄၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၅၄၀ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၂၂ x ၂၂)ပေ ရှိ အခန်း(၃၅)ခန်း၏ ပလပ်စတစ်အမိုးပြားများ မီးလောင်ခံရပြီး တရုတ်လူမျိုး အုတ်လုပ်ငန်းပညာရှင် Liu Hanze အား မြစ်သားမြို့မရဲစခန်းမှ (ပ) ၃၃၉/၂၀၂၀၊ ပြစ်မှုပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သတင်းရရှိပါသည်။