၁၅.၉.၂၀၂၀ရက်နေ့၊ ၁၁၁၀ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ စည်ပင်သာယာရပ်နေ ပိုင်ရှင် ဦးကျော်ဆန်း၏ နေအိမ်ဘေးရှိ ရေနီချောင်းရေတိုက်စားမှုကြောင့် ရေထိန်းနံရံအုတ်တံတိုင်း ပြိုကျနေကြောင်း ၁၁၁၅ အချိန် သတင်းရရှိသဖြင့် လယ်ဦးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၃၀)ဦးတို့ဖြင့် (၂၀x၆)ပေရှိ ယာယီအုတ်တံတိုင်းအား သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၁၃၂၀ အချိန် လုပ်ငန်းဆောင်ရွက် ပြီးစီးပါကြောင်း သတင်းရရှိသည်။