၂.၉.၂၀၂၀ ရက်နေ့၊ ၂၁ ၁၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-မြစ်သား ရေဝန်းကားလမ်း၊ မိုင်တိုင်အမှတ် (၁၈/၇)နှင့် (၁၉/၀)ကြား ဆောက်လုပ်ရေးရုံး အနီး ယာဉ်မောင်း ဦးဝင်းမြင့်ဦး မောင်းနှင်သည့် Chenglong အမျိုးအစား (အဖြူရောင်)ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်းသို့ တိမ်းမှောက်မှု ဖြစ်ပွားကြောင်း ၂၁ ၂၀ အချိန် သတင်းရရှိသဖြင့် နွားထိုးကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၆)ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ၂၂ ၃၀ အချိန် ဆောင်ရွက်ပြီးစီးပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးဝင်းမြင့်ဦး တွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ၎င်းအား နွားထိုးကြီးမြို့မရဲစခန်းမှ ယာဉ်(ပ) ၁၈/၂၀၂၀၊ ရာဇတ်သတ်ကြီးပုဒ်မ-၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။