၃၀.၇.၂၀၂၀ရက်နေ့၊ ၁၅၁၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်မြို့အရှေ့တောင်ဘက်ရှိ အမြင့်ပေ(၉၀၀)ကျော်ရှိ ရွှေသာလျောင်းတောင်ထိပ်ပေါ်မှ ကိုအောင်ဘိုဘို အသက်(၂၃)နှစ်သည် ခုန်ချမှုဖြစ်ကြောင်း ၁၅၄၅ အချိန်သတင်းရသဖြင့် ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦး၊ အရန်(၅)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၇၁၀ အချိန်တွင် ဆောင်ရွက်ပြီးစီးပါသည်။

အဆိုပါ ကိုအောင်ဘိုဘို(သေဆုံးသူ)၏ ရုပ်အလောင်းအား ၁၆၁၄ အချိန်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး မနောဖြူပရဟိတကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် ကျောက်ဆည်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ကိုအောင်ဘိုဘို(သေဆုံးသူ)အား ကျောက်ဆည်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၃/၂၀၂၀ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။