(၁၂.၆.၂၀၁၉) ရက်နေ့၊ (၀၂ ၂၀) အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာအုပ်စု၊ မြောက်မြေရပ်ကွက်နေ(၁၀x၃၀)ပေ၊ သံဖရိန်၊ သွပ်မိုးအဆောက်အဦ ပြည့်စိုးစံ ပီနံအိတ်လုပ်ငန်းတွင် ပီနံအိတ်အဟောင်းများ စုပုံထားရာမှ အောင်းအပူမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်စခန်းများမှ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် (၁၁)စီး၊ ရေသယ်ယာဉ်(၁၀)စီး၊ သန္ဓေ(၇၀)ဦး၊ အရန်(၁၂၅)ဦးတို့ဖြင့် ရေဂါလန် ၃၅၀၀၀ ခန့့်နှင့် ကနဦးအနေဖြင့် DCP(3Kg)မီးသတ်ဆေးဘူး ၃ဘူးတို့ဖြင့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၀၄ ၂၀)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၁၀x၃၀)ပေ၊ သံဖရိန်၊ သွပ်မိုးအဆောက်အဦ(၁)လုံး၊ ပီနံ အိတ်ခွံဟောင်း(၁၅၀၀)ပိဿာခန့် ကုန်ကြမ်းများနှင့် ယာဉ်အမှတ်(6J – 7071) Dyna အမျိုးအစား (အဖြူရောင်) ယာဉ်တစ်စီးတို့ မီးလောင်ခံရပါသည်။ ဆုံးရှုံးမှုတန်ဖိုး ၄,၂၀၀,၀၀ဝိ/- (ကျပ်လေးဆယ့် နှစ်သိန်း)ခန့် ဖြစ်ပါကြောင်းနှင့် ပီနံအိတ်လုပ်ငန်းတာဝန်ခံ ဦးတင်အောင်မိုးအား စဉ့်ကိုင်မြို့နယ် ရဲစခန်းမှ (ပ) ၈၀ / ၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိ ပါသည်။