၁၆.၁၀.၂၀၂၀ ရက်နေ့၊ ၀၄ ၂၀ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ရွာထောင် ရပ်ကွက်၊ ပညာတန်ဆောင်ရပ်၊ (၁/၄)နှင့်(၁/၅)လမ်းကြားနေ ပိုင်ရှင် ဦးစန်းလွင်၏ (၄၀x၂၀)ပေ၊ သက်ငယ်မိုး၊ ဝါးခြမ်းကာ၊ ဝါးကြမ်းခင်း ကြက်ခြံတွင် ကြက်သားပေါက်များအား လျှပ်စစ်မီးဖြင့် အပူပေးထားရာမှ ဝါယာကြိုးများ အပူလွန်ကဲရာမှ တစ်ဆင့်ကြမ်းခင်းသို့ မီးကူးစက်လောင်မှုဖြစ်ပွား ကြောင်း ၀၄ ၂၄ အချိန် သတင်းရရှိသဖြင့် အောင်လံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မြို့ပေါ်ရပ်ကွက်ရှိ အရန်မီးသတ်များမှ မီးသတ်ယာဉ်(၇)စီး၊ သန္ဓေ(၂၀)ဦး၊ အရန် (၅၀)ဦးတို့ဖြင့် ရေဂါလန်(၁၆၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ၀၅ ၃၀အချိန် မီးငြိမ်းပါသည်။

အဆိုပါ  မီးလောင်မှုကြောင့် (၄၀x၂၀)ပေ၊ သက်ငယ်မိုး၊ ဝါးခြမ်းကာ၊ ဝါးကြမ်းခင်း ကြက်ခြံ(၃)ခြံ နှင့် ကြက်သားပေါက်(၉၅၀)ကောင်၊ အနီးရှိ (၄၀ x ၂၀)ပေ၊ သက်ငယ်မိုး၊ ဝါးခြမ်းကာ၊ ဝါးကြမ်းခင်း ကြက်ခြံ(၄)ခြံ၊ ကြက်သားပေါက်(၂၅၀၀)ကောင်၊ (၄၀ x ၂၀)ပေ၊ သက်ငယ်မိုး၊ ဝါးခြမ်းကာ၊ ဝါးကြမ်းခင်း ကြက်ခြံ(၂)ခြံ၊ ကြက်သားပေါက်(၁၀၀)ကောင်၊(၂၅ x ၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်(၁)ထပ် နေအိမ်(၁) လုံး၊ (၁၆ x ၁၆)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်(၁)ထပ်နေအိမ်(၁)လုံး၊ ဝက်ခြံ(၁)ခြံ၊ ဆိုင်ကယ် (၁)စီး၊ စုစုပေါင်း လူနေအိမ်(၂) လုံး၊ ကြက်ခြံ(၉)ခြံ၊ ကြက်သားပေါက်(၃၅၅၀)ကောင်၊ ဝက်ခြံ(၁)ခြံ၊ ဆိုင်ကယ်(၁) စီးတို့ မီးလောင်ခံခဲ့ရပြီး ပိုင်ရှင် ဦးစန်းလွင်အား အောင်လံမြို့မရဲစခန်းမှ (ပ) ၆၄၈/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ – ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။