၂၂.၉.၂၀၂၀ ရက်နေ့၊ ၁၆၂၀ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်၊ ဆောက်လုပ်ရေးလမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လုံးပတ်(၁၅)ပေခန့်၊ အရှည်(၁၀၀)ပေခန့်ရှိ သက်တမ်းရင့် ကုက္ကိုပင်သည် ပင်စည်အောက်ခြေမှ မြေသားများပွ၍ လမ်းဦးစီးဌာနရုံးအဆောက်အဦ၏ (၄၆x၃၇x၁၁)ပေရှိ (၁)ထပ်၊ သွပ်မိုး၊ အုတ်ညှပ်ပေါ်သို့ လဲကျနေကြောင်း ၁၇၀၀ အချိန် သတင်းရရှိသဖြင့် အောင်လံမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေ (၁၀)၊ အရန် (၅)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၂၀၃၀ အချိန်တွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါကြောင်း သတင်းရရှိပါသည်။