မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ သရက်-မင်းလှကားလမ်း၊ မိုင်တိုင်အမှတ် (၅၈/၅)နှင့် (၅၈/၆)ကြားတွင် ၉.၆.၂၀၂၁ရက်နေ့၊ ၁၂ ၃၅ အချိန်ခန့်က သက်တမ်းရင့် ကုက္ကိုပင်ကိုင်း ကျိုးကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း မင်းလှမြို့နယ်မီးသတ်စခန်းမှ ၁၂ ၄၀ အချိန် သတင်းရရှိသဖြင့် အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၁၆)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၄ ၁၅အချိန် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးပါကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက် ဒဏ်ရာရရှိမှုမရှိပါကြောင်း သိရသည်။