၁၇.၁၀.၂၀၂၀ ရက်နေ့၊ ၀၉၅၇ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာအုပ်စု၊ ဘိလပ်မြေစက်ရုံအနီး၊ ကျောက်ခွဲကျင်းလမ်းတွင် ယာဉ်မောင်း အောင်မျိုးမင်း မောင်းနှင်လာသော (နံပါတ်မပါ) LIFAN အမျိုးအစား သုံးဘီးဆိုင်ကယ် (အဖြူရောင်)ယာဉ်သည် ဘရိတ်ကြိုးပျက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းရှိ ပေ(၃၀)ခန့် ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားကြောင်း ၁၀၀၀ အချိန်သတင်းရရှိသဖြင့် သရက်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၁၄)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၁၃၀ အချိန်တွင် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် သုံးဘီးဆိုင်ကယ်ယာဉ်ပေါ်ပါ မ(၁)ဦး သေဆုံး၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး သရက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ပါကြောင်းနှင့် သုံးဘီးယာဉ်မောင်း အောင်မျိုးမင်းအား သရက်မြို့မရဲစခန်းမှ ယာဉ်(ပ) ၂၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။