မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝေဠုဝန်ပင်စင်တန်းရပ်တွင် ၇.၆.၂၀၂၁ ရက်နေ့၊ ၀၆ ၁၅ အချိန်ခန့်က မှန်ကင်းဘုန်းတော်ကြီးစာသင်တိုက်ကျောင်းဝန်းအတွင်းရှိ လုံးပတ်(၁၂)ပေ၊ အမြင့်(၅၀)ပေခန့်ရှိသော မန်ကျည်းပင်သည် အမြစ်ပွ၍ ရှင်မင်းဘူးလမ်းပေါ်သို့ လဲကျမှုဖြစ်ပွားကြောင်း မင်းဘူးခရိုင်မီးသတ်စခန်းမှ ၀၆ ၂၇ အချိန် သတင်းရရှိသဖြင့် မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေ(၉)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ သစ်ပင်လဲကျမှုကြောင့် မှန်ကင်းဘုန်းတော်ကြီးစာသင်ကျောင်းတိုက်၏ အနောက်ဘက် ကျောင်းဝန်းအုတ်တံတိုင်း အကျယ်(၇) ပေ၊ အမြင့်(၅)ပေခန့်ရှိ အုတ်တံတိုင်း(၂)ခန်း ပျက်စီးခဲ့ပြီး ၀၈ ၃၀ အချိန်တွင် ရှင်းလင်းပြီးစီးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။