၂၄.၉.၂၀၂၀ ရက်နေ့၊ ၀၉၃၀ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ရန်မျိုးအောင်ရပ်၊ (၁၄)လမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လုံးပတ် (၄)ပေ၊ အမြင့် (၆၅)ပေခန့်ရှိ မဲဇလီပင်သည် လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း ၀၉၃၅ အချိန် သတင်းရရှိသဖြင့် မကွေးမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ သန္ဓေ(၆)ဦးတို့ဖြင့် ရှင်းလင်းခြင်း လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၁၀၂၅အချိန် လုပ်ငန်းဆောင်ရွက် ပြီးစီးပါကြောင်း သတင်းရရှိပါသည်။