၁၅.၉.၂၀၂၀ ရက်နေ့၊ ၁၈၄၀ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့မအိုးဘိုရပ်ကွက်၊ အမှတ်(၆)လမ်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တမာပင်သည် မြေပျော့၍ အမြစ်မှ လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း ၁၈၄၃ အချိန် သတင်းရရှိသဖြင့် မကွေးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၁၉၁၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်း သတင်းရရှိသည်။