၂၉.၁၂.၂၀၂၀ ရက်နေ့၊ ၀၉ ၄၇ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာအုပ်စု၊ လဲဘူးကျေးရွာနေ ပိုင်ရှင် ဦးဖိုးကုလား၏ (၂၄x၂၂)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁)ထပ်နေအိမ်တွင် ဆိုလာဘတ္ထရီဖြင့် အချိန်ကြာမြင့်စွာ ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး အနီးရှိအကာထရံသို့ မီးကူးစက်ရာမှ မီးစတင်လောင်မှုဖြစ်ပွားကြောင်း ၀၉ ၅၀ အချိန် သတင်းရရှိသဖြင့် နတ်မောက်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေ(၁၅)ဦး၊ သမှုန်းကုန်းကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ (၅)ဦး၊ ရေဂါလန် (၃၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၀ ၁၀ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၂၄x၂၂)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁)ထပ်နေအိမ် (၁)လုံးနှင့် (၁၆x၁၅)ပေ၊ သွပ်မိုး၊ မြေစိုက် နွားတင်းကုတ်(၁)လုံးတို့ မီးလောင်ခံရပြီး ပိုင်ရှင် ဦးဖိုးကုလားအား နတ်မောက်မြို့မရဲစခန်းမှ (ပ)၇၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။