(၁.၈.၂၀၁၉)ရက်နေ့၊(၁၁ ၃၀)အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ဂန့်ဂေါ – မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၇၉/၆)နှင့်(၇၉/၇)ကြား၊ ပခုက္ကူဘက်မှ ကလေးမြို့နယ်ဘက်သို့ ယာဉ်မောင်း ကိုမိုးကျော်အောင်​စွမ်း မောင်းနှင်သည့် ယာဉ်အမှတ်(6G – 3602) Haise အမျိုးအစား (အဖြူရောင်) “ဧရာဝတီ”ယာဉ်လိုင်းမှ ခရီးသည် တင်ယာဉ်သည် ပုံညာတောင်အဆင်းလမ်း၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက်နေကြောင်း၊ (၁၁ ၄၅)အချိန်သတင်းရရှိသဖြင့် ထီးလင်းမြို့နယ်၊ ရေမျက်နီနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၄)ဦး၊ အရန်(၂)ဦး တို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား(၈)ဦး၊ မ(၃)ဦး စုစုပေါင်း(၁၁)ဦးအနက် ကျား(၈)ဦးမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ( ၃ )ဦး  အနက် မ(၁)ဦး (သေဆုံး)၊ ကျန် မ(၂)ဦးမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ကျောမြို့ဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ပါကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုမိုးကျော်အောင်စွမ်းအား ထီးလင်းမြို့နယ်၊ ဆေးမင်းတောနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၅/၂၀၁၉၊ ပြစ်မှုပုဒ်မ ၃၀၄(က) / ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထား ပါကြောင်း သတင်းရရှိပါသည်။