၂၈.၉.၂၀၂၀ ရက်နေ့၊ ၁၁ ၅၅ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်၊ ရတနာလမ်းရှိ “ ခိုင် ” တယ်လီဖုန်းဆိုင်အနီး၊ လမ်းဘေးတွင် မိုးရွာသွန်းမှုကြောင့် လုံးပတ်(၂)ပေ၊ အမြင့်(၂၀)ပေခန့်ရှိ ယင်းမာပင်သည် အမြစ်မှ လဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း ၁၁ ၅၆ အချိန် သတင်းရရှိသဖြင့် ဆိပ်ဖြူမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၇)ဦးတို့ဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၁၂ ၁၅ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်း သတင်းရရှိပါသည်။