၁၀.၆.၂၀၁၉ ရက်နေ့၊ (၂၃ ၄၅)အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ မြေမိကုန်းရပ်ကွက်၊ စလင်း-ဆင်ဖြူကျွန်းကားလမ်းဘေး၊ မိုင်တိုင်အမှတ်(၃၉/၅)နှင့် (၃၉/၆)ကြားရှိ ပိုင်ရှင် ဒေါ်ကြူကြူဝင်း၏ (၆x၅)ပေ၊ သက်ငယ်မိုး၊ ထရံကာ၊ မြေစိုက် “ပစ်တိုင်းထောင်” ကွမ်းယာဆိုင်အား ဦးဟန်ဝင်းအောင်မှ အရက်မူးပြီးဂက်စ်မီးခြစ်ဖြင့်မီးရှို့မှုဖြစ်ပွားကြောင်း (၂၃ ၄၇)အချိန် သတင်းရရှိသဖြင့် စလင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ သန္ဓေ(၂၃)ဦး၊ အရန်(၁၅)ဦး တို့ဖြင့် ရေဂါလန်(၄၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ပြီး (၂၃ ၅၅) အချိန်မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၆x၅)ပေ၊ သက်ငယ်မိုး၊ ထရံကာ၊ မြေစိုက်၊ ကွမ်းယာဆိုင် (၁)ဆိုင်နှင့် ဘေးတွင်ရပ်ထားသော LOUJIA-110 (လိုင်စင်မဲ့)ဆိုင်ကယ်(၁)စီးတို့မီးလောင် ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၃၇၅,၀၀ဝိ/-(ကျပ်သုံးသိန်းခုနစ်သောင်းငါးထောင်)ခန့်ဖြစ်ကြောင်းနှင့် မီးရှို့သူ ဦးဟန်ဝင်းအောင်အား စလင်းမြို့မ ရဲစခန်းမှ (ပ)၉၅၃/၂၀၁၉၊ ပြစ်မှုပုဒ်မ ၄၃၆/၂၁၂ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။