၂၇.၉.၂၀၂၀ ရက်နေ့၊ ၁၀၃၅ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အေးစေတီဘုရားအရှေ့ဘက်ရှိ “မနောဖြူ”လူမှုကူညီရေးအသင်း၏ ရုံးခန်းအတွင်း လင်းမြွေ(၁)ကောင် ဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် ချောက်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ သန္ဓေ(၄)ဦးတို့ဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ ၁၀၅၅ အချိန်တွင် အဆိုပါမြွေအား ဖမ်းဆီးရမိပြီး ချောက်မြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အေးစေတီရပ်ရှိ ရေနံမြေသံကန်တန်း၊ တွင်းဟောင်းတွင်းပျက်များရှိရာ တောအတွင်းသို့ ပြန်လည်လွှတ်ပေးခဲ့ပါသည်။ အဆိုပါ မြွေဝင်ရောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း သတင်းရရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အေးစေတီဘုရားအရှေ့ဘက်ရှိ “မနောဖြူ”လူမှုကူညီရေးအသင်း၏ ရုံးခန်း ....
editor | Sep 28, 2020 | News, ရှာဖွေကယ်ဆယ်ရေးသတင်း | 0 comments

Recent Comments