(၂၈.၁၂.၂၀၁၉)ရက်နေ့၊ (၁၅ ၅၀)အချိန်ခန့်၊ မကေွးတိုင်းဒေသကြီး၊  မကွေးမြို့နယ်၊ မကွေး-ရေနံချောင်းကားလမ်း၊ မိုင်တိုင်အမှတ်(၁၂/၅)အနီး၊ ရေနံချောင်းမြို့မှ မကွေးမြို့ဘက်မှ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသည့် ယာဉ်အမှတ် (1L-6898) (SURF) (ခဲပြာရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းချော်ကာ လမ်းဘေးဆိုင်းဘုတ် အားဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း (၁၅ ၅၅)အချိန်သတင်းရရှိသဖြင့် မကွေးမြို့နယ်မီးသတ်စခန်း သန္ဓေ(၉)ဦး၊ ရှာဖေွကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း(စုံစမ်းဆဲ)နှင့် ကျား (၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ဘုန်းကြီး (၁)ပါး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိမှုတို့ဖြစ်ပြီး “ဂရုဏာရှင်များအသင်း” လူမှုကူညီရေးယာဉ်ဖြင့် မ‌ကွေးပြည်သူ့ ဆေးရုံသို့ ကူညီပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။