ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်း(၂)ရပ်ကွက်၊ အိမ်အမှတ်(၁၅/၆၄၃)၊ ရာဇဌာနီလမ်းဘေးရှိ ပိုင်ရှင် ဦးဟိန်းဇော်လတ် (၃၀x၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း(၂)ထပ် ပါရမီရှင် သင်္ကန်းတိုက်တွင် ၁.၅.၂၀၂၁ ရက်နေ့၊ ၀၈ ၁၀ အချိန်ခန့်က မီးအားမြှင့်စက်သို့ လွှဲပြောင်းပေးသည့် Change Over အပူလွန်ကဲပြီး အနီးရှိ သင်္ကန်းခြင်းများအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ပျဉ်းမနားမြို့နယ်မီးသတ်စခန်းနှင့် စခန်း(ခွဲ)တို့မှ ၀၈ ၁၂ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ် ယာဉ်(၂)စီး၊ ဘောဂဝတီနယ်မြေနှင့် ရွာကောက်နယ်မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ် ယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မိတ်ဖက်ယာဉ်(၈)စီး၊ သန္ဓေ(၉၀)ဦးနှင့် အရန်(၂၀)ဦး တို့မှ ရေဂါလန် (၁၀၂၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၈ ၁၉ အချိန် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် (၃၀x၃၀)ပေ သွပ်မိုး၊အုတ်ညှပ်၊ပျဉ်ခင်း(၂)ထပ်သင်္ကန်းတိုက်(၁)လုံး မီးလောင်ခံခဲ့ရပြီး ပိုင်ရှင် ဦးဟိန်းဇော်လတ်အား ရွာကောက်နယ်မြေရဲစခန်းမှ (ပ)၆၁/၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။