၁၂ . ၉ . ၂၀၁၉ ရက်နေ့၊ (၀၇ ၀၀)အချန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ သရက်ပင်ဆိပ်ကျေးရွာအုပ်စု၊ သရက်ပင်ဆိပ်ကျေးရွာအနီး၊ ရန်ကုန် – ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၁၂/၄)နှင့် (၁၁၂/၅)ကြားတွင် ကားလမ်း​ပေါ်သို့ ရေကျော်မှုဖြစ်ပွားနေကြောင်း(၀၈ ၁၀)အချိန် သတင်းရရှိသဖြင့် အုတ်ဖိုမြို့နယ်မီးသတ် စခန်းမှ သန္ဓေ(၈)ဦး၊အရန် (၇)ဦးတို့သည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှှင့် ပူးပေါင်း၍ လမ်းသွား လမ်းလာများ  ဘေးအန္တရာယ်မဖြစ်စေရေး၊ ယာဉ်များလမ်းချော်မှုနှင့် တိမ်းမှောက်မှုမဖြစ်စေရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။