၂၇.၁၂.၂၀၂၀ ရက်နေ့၊ ၁၄ ၃၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ကြပ်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေး (လမ်းဟောင်း) မိုင်တိုင်အမှတ် (၁၅၄/၀)နှင့် (၁၅၄/၁)ကြားတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးစည်သူအောင် မောင်းနှင်လာသော (အဖြူရောင်) ဘိလပ်မြေဖျော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း ၁၄ ၄၀ အချိန် သတင်းရရှိသဖြင့် အုတ်တွင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ(၆)ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၇ ၃၀ အချိန် ပြီးစီးပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးစည်သူအောင် အား အုတ်တွင်းမြို့မရဲစခန်းမှ ယာဉ်(ပ)၅၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။