၂၂.၁၁.၂၀၂၀ ရက်နေ့၊ ၁၀ ၄၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၄၃/၅)နှင့် (၁၄၃/၆)ကြား နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးကျော်ဦး မောင်းနှင်သည့် CANDA -125 အမျိုးအစား(နီ/နက်ရောင်)ဆိုင်ကယ်အား ယာဉ်မောင်း ဦးဉာဏ်ဝင်း မောင်းနှင်သည့် Probox အမျိုးအစား(အဖြူရောင်)ယာဉ်မှ ဝင်တိုက်မှုဖြစ်ပွားကြောင်း ၁၀ ၄၅ အချိန် သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ရာ ၁၁ ၄၀ အချိန် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါသည်။

ယာဉ်တိုက်မှုကြောင့် မအေးအေးမော် ယာဂျိုစောင်းပေါက်ပြဲ၊ ယာနားသွေးထွက်၊ နှာခေါင်းသွေးထွက်ဒဏ်ရာဖြင့် (သေဆုံး)၊ ကျား(၁)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဇီးပင်သာ(192)သူနာတင်ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ ကူညီပို့ဆောင် ပေးခဲ့ကြောင်းနှင့် ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်မောင်း ဦးဉာဏ်ဝင်း အား ယာဉ်(ပ) ၂၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၇ ဖြင့်လည်းကောင်း၊ ဆိုင်ကယ်ယာဉ်မောင်း ဦးကျော်ဦး အား (ပ)၃၁/၂၀၂၀၊ အမြန်လမ်းမကြီးဥပဒေပုဒ်မ ၁၈ အရလည်းကောင်း အမှုဖွင့်အရေးယူထားရှိပါကြောင်း သတင်းရရှိပါသည်။