၁၆.၁၁.၂၀၂၀ ရက်နေ့၊ ၀၇ ၃၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၂၉/၁)နှင့် (၁၂၉/၂)ကြားတွင် ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း ဦးကြည်သန်း မောင်းနှင်လာသော Probox အမျိုးအစား(ခဲရောင်)ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ အမြန်လမ်းမကြီးကာရံထားသည့် ဘာရီယာတုံးများအား ဝင်ရောက်တိုက်မိကြောင်း ၀၇ ၃၅ အချိန် သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၀၈ ၃၀အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ) အား အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးကြည်သန်းအား ဗောဓိကုန်းအမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၂၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။