၁၂.၁၀.၂၀၂၀ ရက်နေ့၊ ၀၆ ၀၀အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ နေပြည်တော်- ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၂၄/၆)နှင့်(၁၂၄/၇)ကြားတွင် ယာဉ်မောင်း ဦးဇော်မင်းနှင့် ယာဉ်နောက်လိုက်(၁)ဦးတို့ မောင်းနှင်လာသော Hino Ranger အမျိုးအစား (ခဲ/ဖြူရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း ၀၆ ၀၅ အချိန် သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ၀၈ ၀၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက် ဦးထွန်းလင်းအောင် ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)အား အကြင်နာကုသိုလ်ပြုပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အုတ်တွင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်အား မဆင်မခြင်ပေါ့ဆစွာမောင်းနှင်သော ယာဉ်မောင်း ဦးဇော်မင်းအား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၂၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။